搜索 Cakkavattisutta 的结果: ◎ Pali Myanmar Dictionary Cakkavattisutta cakkavattisutta:cakkavattisutta(na) စက္ကဝတ္တိသုတ္တ(န) [cakkavattī+sutta] [စက္ကဝတ္တီ+သုတ္တ] ◎ Tipiṭaka Pāḷi-Myanmar Dictionary Cakkavattisutta cakkavattisutta:စက္ကဝတ္တိသုတ္တ(န) [စက္ကဝတ္တီ+သုတ္တ] စက္ကဝတ္တိသုတ်၊ (က) အတ္တဒီပ,အတ္တသရဏ,အနညသရဏ,ဓမ္မဒီပ,ဓမ္မသရဏ,အနညသရဏဖြစ်အောင် နေရန်နှင့် စကြဝတေးမင်းအဆက်ဆက်ဖြစ်ပေါ်ပုံစသည်ကို ဟောကြားသောသုတ်။ (ခ) စကြဝတေးမင်းဖြစ်ပေါ်လာခြင်းကြောင့် စကြာရတနာစသော ရတနာ ၇-ပါးဖြစ်ပေါ်လာသည်,မြတ်စွာဘုရား ပွင့်တော်မူလာခြင်းကြောင့် ဗောဇ္ဈင် ၇-ပါး တရားရတနာ ဖြစ်ပေါ်လာသည်ဟု ဟောသောသုတ်။ (ဂ) စကြဝတေးမင်းသည် တရားကိုသာမှီ၍ သားမယားစသည်တို့၌ စောင့်ရှောက်ခြင်း,တားမြစ်ခြင်း,လုံခြုံစေခြင်းကို စီရင်၍ အာဏာစက်ကို လည်စေ၏၊ ထိုအာဏာစက်ကို တစ်စုံတစ်ယောက်သော ရန်သူမျှ မတားမြစ်နိုင်သကဲ့သို့၊ မြတ်စွာဘုရားသည်လည်း တရားကိုသာမှီ၍ ကာယကံ,ဝစီကံ,မနောကံတို့၌ စောင့်ရှောက်ခြင်း,တားမြစ်ခြင်း,လုံခြုံစေခြင်းကို စီရင်၍ ဓမ္မစက်ကို လည်စေ၏၊ ထိုဓမ္မစက်ကို တစ်စုံတစ်ယောက်သော သူမျှ မတားမြစ်နိုင်ဟု ဟောသောသုတ်။  与 Cakkavattisutta 相似的巴利词: cakkavattisutta cakkavattisutta |